အင်းလေး ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပ
DVB
·
October 5, 2017
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ဖောင်တော်ဦး ဘုရားပွဲတော်ကို ကျင်းပနေပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတော်မူတာဖြစ်ပါတယ်။ ဖောင်တော်ဦးဘုရားဟာ သီတင်းကျွတ်လဆန်း ၁ ရက် ကနေ လပြည့်ကျော် ၃ ရက်နေ့အထိ အင်းလေးဒေသမှ ကျေးရွာတွေဆီ ၂၁ ဌာန ဒေသစာရီကြွချီတော်မူတာ ဖြစ်ပါတယ်။
ဒီနေ့ သီတင်းကျွတ်လပြည့်နေမှာတော့ ၁၅ ဌာန ကြွချီတော်မူနေတာဖြစ်ပြီး ကြွချီတဲ့ ရေလမ်းတလျှောက်မှာလည်း ကျေးရွာအများအပြားက ဖူးမြော်ကြပါတယ်။
ဒေသစာရီကြွချီတဲ့အချိန်မှာ အင်းလေးဒေသ ကျေးရွာတွေမှ ရိုးရာလှေတွေရာချီပြီး လိုက်ပါကုသိုလ်ယူ ပို့ဆောင်နေတာ ဖြစ်တယ်။
ဒေသစာရီကြွချီတဲ့ ရွာတွေကတော့ ရှေးအစဉ်အဆက်ကတည်းက ကြွချီခဲ့တဲ့ ၂၁ ရွာကကပဲ ကြွချီတာဖြစ်ပြီး အင်းလေးဒေသမှာတော့ ကျေးရွာ ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။