လျှာအလျား အရှည်ဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်လိုက်သည့် ချစ်စဖွယ်ခွေးမလေး မိုချီ (ရုပ်သံ)

မိုလို့ ချစ်စနိုး အတိုကောက်နာမည်ခေါ်ကြတဲ့ စိန့်ဘားနဒ်အမျိုးအစား ခွေးမလေး မိုချီဟာ လျှာအလျား အရှည်ဆုံး ခွေးကလေးအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုချီရဲ့ လျှာအလျားဟာ ၁၈ ဒသမ ၅၈ စင်တီမီတာ (၇ ဒသမ ၃၁ လက်မ) ရှိပြီး အမေရိကန်နိုင်ငံ၊ ဒါကိုတာပြည်နယ် တောင်ပိုင်းမှာ သခင်ဖြစ်သူ ခါလာရစ်ခါ့တ်နဲ့အတူ နေထိုင်နေတာပါ။ “ဒါဟာ တကယ်အမှန်ပဲလား။ မိုချီဟာ အမြဲနှိမ့်ချတယ်။ ဘယ်တော့မှ ဝံ့ဝံ့ကြွားကြွား မရှိခဲ့ဘူး။ ဒီစံချိန်ကတော့ သူ ဂုဏ်ယူရမှာပါပဲ” လို့ ပိုင်ရှင်ဖြစ်တဲ့ ခါလာရစ်ခါ့တ်က ပြောပါတယ်။ ခု မိုချီတင်ထားခဲ့တဲ့ စံချိန်ဟာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်ထဲမှ ထူးဆန်းအံ့ဖွယ် တိရစ္ဆာန်များ အခန်းကဏ္ဍအတွက် ရွေးချယ်ခံခဲ့ရတာပါ။ ဂင်းနစ်စံချိန်အဖွဲ့မှ အယ်ဒီတာချုပ် ခရေ့ဂ်ျ ဂလဲန်ဒေးကတော့ “မိုချီကို သူ့ရဲ့ စံချိန်ချိုး လျှာနဲ့အတူ ကျနော်တို့က အရမ်းကို စိတ်လှုပ်ရှားစွာနဲ့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up