Live
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်ပြိုင်ပြီး သစ်လေလံ ဝယ်ယူရသည့်စနစ် တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် မမျှမတဖြစ်နေ
စိုးမိုးအောင်
·
October 4, 2017
မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှုကို အစိုးရက ထိန်းချုပ်ထားတာဖြစ်ပြီး၊ သစ်လုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ယှဉ်ပြိုင်ပြီးလေလံဝယ်ယူရတဲ့စနစ်ဟာ တိုင်းရင်းသား လုပ်ငန်းရှင်တွေအတွက် မမျှတဘူးလို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီဥပဒေအရ နိုင်ငံခြားသားတွေကို အရင်ထက်စာရင် လုပ်ကိုင်ခွင့်ပိုမိုရရှိအောင် ရေးဆွဲထားတာပါ။ မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှုကို အစိုးရက ထိန်းချုပ်ထားတာဖြစ်ပြီး၊ အခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ သစ်လုံးတွေကို လေလံတင်တဲ့အခါ နိုင်ငံခြားသားတွေကို ၀ယ်ယူခွင့်ပေးထားတာပါ။ အဲဒီလိုပေးထားတာဟာ မမျှတတဲ့သဘောဖြစ်နေတာကြောင့် နိုင်ငံခြားသားတွေကို သစ်အချော အဆင့်ထုတ်တဲ့လုပ်ငန်းတွေမှာပဲ လုပ်ကိုင်ခွင့်ပြုဖို့ သစ်လုပ်ငန်းရှင်တွေဘက်က တောင်းဆိုတာတွေရှိပါတယ်။ ဒါ့အပြင် သစ်လုံးတွေကို အစိုးရဆီကလေလံဆွဲတဲ့အခါ အထူးကုန်စည်ခွန်ပါတစ်ခါတည်း ပါဝင်နေတဲ့အပေါ် လုပ်ငန်းရှင်တော်တော်များများမသိတဲ့အတွက် အခွန်(၂)ခါဆောင်ရသလို ဖြစ်နေတယ်လို့ ပြောပါတယ်။ မြန်မာ့သစ်လုပ်ငန်းကနေ ၂၀၁၃-၂၀၁၄ခုနှစ်ဘဏ္ဍာနှစ်မှာ ၇၈ ဘီလျံ၊၂၀၁၄-၂၀၁၅မှာ ၁၀၅ ဘီလျံ၊ ၂၀၁၅-၂၀၁၆ မှာ ၁၂၆ ဘီလျံနဲ့ ၂၀၁၆-၂၀၁၇ မှာ ၁၂၄ ဘီလျံအထိရရှိခဲ့ပြီး နှစ်စဉ်သစ်ဖမ်းဆီးရ မိတာတွေတိုးလာတယ်လို့ မြန်မာ့သစ်လုပ်ငန်းရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာ့နိုင်ငံမှာ သစ်ခုတ်ခွင့်ကို မြန်မာ့သစ်လုပ်ငန်းကပဲ လုပ်ပိုင်ခွင့်ရှိတာဖြစ်ပြီး၊ မြန်မာ့သစ်လုပ်ငန်းအနေနဲ့ သစ်ရောင်းချဖြန့်ဖြူးတာကို ပြည်တွင်းသစ်ရောင်းဝယ်ရေး သစ်စက်ဋ္ဌာန၊ ပြည်ပသစ်ရောင်းဝယ်ရေး သစ်စက်ဋ္ဌာနနဲ့သစ်အခြေခံဋ္ဌာန ၃ ခုကနေ မြန်မာ့နိုင်ငံက သစ်တွေကို ရောင်းချနေတာပါ။ မြန်မာနိုင်ငံမှာ  အစိုးရသစ်စက် ၅၈ ရုံရှိပြီး၊ လက်ရှိစက် ၇ ရုံသာ လည်ပတ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024