Home
မြန်မာသတင်း
နိုင်ငံပိုင်အဆောက်အဦနှင့် မြေကွက်များကို ပြန်သိမ်းဆည်းရန် တိုက်တွန်းသည့်အဆို လွှတ်တော်၌ ဆွေးနွေးမည်  
DVB
·
October 4, 2017
စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲရယူထားခဲ့တဲ့ နိုင်ငံပိုင်အဆောက်အဦနဲ့ မြေကွက်တွေကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းဖို့ ရန်ကုန်တိုင်းအစိုးရကို တိုက်တွန်းလိုက်တဲ့အဆို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးဖို့ ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံပိုင်အဆောက်အဦနဲ့ မြေကွက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရယူထားကြပြီး ဒီကနေ့အထိ လုပ်ငန်းလုပ်ကိုင် အကောင်အထည်လည်းမဖော်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ နိုင်ငံပိုင်အဆောက်အဦနဲ့ မြေကွက်တွေကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းတဲ့ အဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ဦးလှဌေးက တင်ခဲ့ပါတယ်။ ဒီအဆိုကို ဆွေးနွေးဖို့ ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ အောက်တိုဘာ ၃ ရက်နေ့က ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါတယ်။ ဒီအဆိုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ထောက်ခံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်း ဒီအဆိုကို ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ နိုင်ငံပိုင်အဆောက်အဦနဲ့ မြေကွက်တွေကို ပြန်လည်သိမ်းဆည်းဖို့အဆိုကို ကန့်ကွက်မယ့်သူ မရှိခဲ့တာကြောင့်  ဒီအဆိုကို အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ ဆွေးနွေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ် ခဲ့ပါတယ်။ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရဟောင်းကနေ အစိုးရအသစ်ကို ကူးပြောင်းခါနီး ကာလတွေမှာ  နိုင်ငံပိုင် အဆောက်အုံတွေ မြေနေရာတွေကို ချက်ချင်းလုပ်ပိုင်ခွင့်တွေချပေးခဲ့ပြီး ဘယ်လို သဘောတူညီချက်တွေ ရှိတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ မသိရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024