လတ်စ်ဗီးဂတ်စ် ဂီတဖျော်ဖြေပွဲ သေနတ်ပစ်ခတ်ခဲ့သူ၏ ချစ်သူ လော့စ်အိန်ဂျလိစ် ပြန်ရောက်

လူ ၅၈ ဦး သေဆုံးခဲ့ရတဲ့ လတ်စ်ဗီးဂတ်စ် ဂီတဖော်ျဖြေပွဲ သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူရဲ့ ချစ်သူ အမျိုးသမီးဟာ ဖိလစ်ပိုင်ကနေ လော့စ်အိန်ဂျလိစ်မြို့ကို အောက်တိုဘာ ၃ ရက်က ပြန်လည်ရောက်ရှိသွားပါတယ်။ အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ‘အလိုရှိသူ’ အဖြစ် ဖော်ပြခံထားရတဲ့ မာရီလူဒန်လေဟာ အောက်တိုဘာ ၂ ရက် ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ ထွက်ခွာသွားပြီး အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ကို အောက်တိုဘာ ၃ ရက်မှာ ရောက်ရှိသွားတာပါ။ သူဟာ လော့စ်အိန်ဂျလိစ်က အက်ဖ်ဘီအိုင် ထောက်လှမ်းရေးတွေနဲ့ တွေ့ဆုံနေတယ်လို့လည်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတဦးက ပြောကြားပါတယ်။ မာရီလူဒန်လေကို ဖမ်းဆီးထားတာ မဟုတ်ပေမယ့် သူ့အနေနဲ့ မေးမြန်းတာတွေကို ဖြေကြားဖို့ သဘောတူမယ်လို့ မျှော်လင့်ကြောင်း အမေရိကန်အရာရှိက ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က လတ်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်နေတဲ့ ဂီတဖျော်ဖြေပွဲအတွင်း သေနတ်သမားတဦးက စက်သေနတ်နဲ့ ၉ မိနစ်ကြာ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up