တောင်ယာထွက် သီးနှံများဖြင့် ဆရာ ကန်တော့နေသည့် ဓာတ်ပုံ လူကြိုက်များနေ
DVB
·
October 4, 2017
တောင်ယာထွက် သီးးနှံတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက ဆရာမတွေကို ကန်တော့နေတဲ့ ဓာတ်ပုံကို ဆရာမတယောက်က သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ တင်လိုက်ပြီးတဲ့နောက် တခြားသုံးစွဲသူတွေက ကူးယူ ဖော်ပြခဲ့ကြပြီး လူကြိုက်များနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ထဲက ပါဆာမူလတန်းကျောင်းမှာ အောက်တိုဘာ ၂ ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာကန်တော့ပွဲ ကျင်းပရာမှာ ကျောင်းသားတွေက ဆရာမတွေကို ဘူးသီး၊ ဖရုံသီး၊ ဂေါ်ရခါးသီး၊ မြေပဲ စတာတွေနဲ့ ကန်တော့ခဲ့ကြတာပါ။
အဲဒီကျောင်းမှာ သူငယ်တန်းက လေးတန်းအထိ ကျောင်းသား ၅၅ ယောက်နဲ့ ကျောင်းအုပ် အပါအဝင် ဆရာမ ၆ ယောက်ရှိတယ်လို့ ဆရာမဒေါ်ရွှေရည်က ဒီဗွီဘီကို ပြောပါတယ်။