Homeမြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုင်းပြည်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ အားနည်းချက်များ ရှိနေ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုင်းပြည်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ အားနည်းချက်များ ရှိနေ
DVB
·
October 4, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပိုင်းမှာ အားနည်းချက်တွေ ဖြစ်နေပြီလို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ရဲ့ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဝေဖန်ထောက်ပြ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနားမှာ အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ အတွင်းလူ မရှိသလို ကြိုတင်ဖြစ်ပျက်လာမယ့် ဘေးအန္တရာယ်တွေကို ထောက်ပြရဲတဲ့သူ အားနည်းနေတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတာတွေကြောင့် တိုင်းရေးပြည်ရေးကိစ္စတွေကို ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
အောက်တိုဘာလ၄ ရက်နေ့ မနက်က ကျင်းပတဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီသစ် တည်ထောင်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။