Home
မြန်မာသတင်း
အလိုအလျှောက်မောင်းနှင်နီုင်သည့် လျှပ်စစ်ဝှီးချဲ ကနေဒါအင်ဂျင်နီယာများ တီထွင် (ရုပ်သံ)
DVB
·
October 4, 2017
-   လျှပ်စစ်ဝှီးချဲတွေအတွက် အလိုလျှောက် မောင်းနှင်းနိုင်တဲ့ နည်းပညာတစ်ခုကို ကနေဒါနိုင်ငံက အင်ဂျင်နီယာတွေ တီထွင်လိုက်ပါတယ်။ အဲဒီအတွက် ဉာဏ်ရည်တုနည်းပညာနဲ့ ဈေးသက်သာတဲ့ အာဂျီဘီ ဆင်ဆာ(RGB-sensors) တွေကို အသုံးပြုထားပါတယ်။ အားလုံးရင်းနှီးတဲ့ မိုက်ခရိုဆော့ အိပ်စ်ဘောက်စ်ဂိမ်း(Microsoft X-box Game) ရဲ့ ကင်နက်(Kinect) မှာ အသုံးပြုတဲ့ ဆင်ဆာနဲ့တူပါတယ်။ အဲဒါက ရှေ့ကို အလင်းတန်း တစ်ချို့ထုတ်လွှတ်လိုက်ပြီး ရှေ့ဘယ်လောက်အကွာအဝေးမှာ အဆီးအတားတခုရှိနေတယ် ဆိုတဲ့ သတင်းအချက်အလက်ကို ပြန်လာတဲ့ အလင်းတန်းတွေဆီက ဖတ်ယူပါတယ်။ နောက် လမ်းညွှန်မြေပုံတခုအဖြစ် ပြောင်းလဲယူပြီး တွေ့လာနိုင်တဲ့ အတားအဆီးပေါ် မူတည်လို့ သွားသင့်တယ် မသွားသင့်ဘူးဆိုတဲ့ စိတ်ချရတဲ့ လမ်းကြောင်းတခုကို ပြသပေးပါတယ်။ အသုံးပြုသူရဲ့ လမ်းကြောင်းမှာ အတားအဆီးတစ်ခုကို တွေ့တာနဲ့ အလိုလျှောက် ရပ်တန့်စေပါတယ်။ အာရုံကြောစနစ် ထိခိုက်မိသူတွေနဲ့ ရောဂါသည်တွေအတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။ လူနာသွားလာလှုပ်ရှားမယ့် ဧရိယာတခုကို စနစ်ကမှတ်သားနိုင်ဖို့ ပထမဆုံးအကြိမ်မှာ ဘေးလူက မောင်းနှင်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ဂိမ်းခလုပ်၊အကြည့် အာရုံခံစနစ်၊ အသံစေခိုင်းစနစ်နဲ့ အသက်ရှူထုတ်မှုနဲ့ စေခိုင်းစနစ် စတဲ့ သင့်လျှော်ရာ ထိန်းချုပ်ကိရိယာတခုကို အသုံးပြုပြီး ကြိုတင်မှတ်သား ထားတဲ့ ဧရိယာအတွင်းက သွားလိုရာကို လူနာကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။ လက်ရှိဝှီးချဲကို ဒေါ်လာ ၁၀၀၀ အောက်နည်းတဲ့ဈေးနဲ့ ရောင်းချနိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ပြန်လည်ပြင်မှုတွေ ပြုလုပ်နေပါတယ်။ စမ်းသပ်မှုတွေမှာ တကယ့်ဝေဒနာရှင်တွေကို အသုံးပြုပြီး လုပ်ဆောင်တာမျိုး မရှိခဲ့ပေမယ့် ပုံမှန်ထုတ်လုပ်ခွင့် အတည်ပြုချက် မြန်မြန်ရရှိပြီး ၅ နှစ်အတွင်း ရောင်းချနိုင်ဖို့ အဖွဲ့က မျှော်လင့်ထားပါတယ်။ ဒီနည်းပညာကို လူကမောင်းနှင်ပေးရတဲ့ ဆေးရုံသုံး ကြမ်းတိုက်စက်လိုမျိုး ပစ္စည်းတွေမှာ ဆန်းသစ်တိုးချဲ့ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024