ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာ တံကောက်ကြောဒဏ်ရာကြောင့် တလခန့်နားရမည်

ဓာတ်ပုံ - ရိုက်တာ
3.3K
ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာရဲ့ တံကောက်ကြောဒဏ်ရာဟာ ပြင်းထန်မှုရှိတာကြောင့် တလလောက် အနားယူရတော့မယ်လို့ သိရပါတယ်။
စပိန်တိုက်စစ်မှူး မိုရာတာဟာ မန်စီးတီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ပွဲ ပထမပိုင်းမှာပဲ တံကောက်ကြောဒဏ်ရာ ရခဲ့လို့ လူစားလဲခဲ့ရပါတယ်။
အစောပိုင်းမှာ နိုင်ငံတကာပွဲစဉ်တွေကိုပဲ လွဲချော်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒဏ်ရာစစ်ဆေးအပြီးမှာ ပြင်းထန်မှုရှိလို့ တလလောက် အနားယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။
မိုရာတာအနေနဲ့ ချဲလ်ဆီးအသင်း ကစားရမယ့် ပွဲစဉ် ၆ ပွဲလောက် ပါဝင်နိုင်တော့မှာမဟုတ်ဘဲ နိုဝင်ဘာလမှ ပြန်လည်ကစားနိုင်တော့မယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ မိုရာတာဟာ ချဲလ်ဆီးအသင်းအတွက် ၉ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားပါတယ်။