Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 3, 2017
ကြက်သွန်နီ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၇၀၀ ကနေ ငွေကျပ် ၂,၁၀၀ ပေါက်ဈေးရှိပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၇၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၇၀၀ ကျပ်မှ ငွေကျပ် ၁၇၇၅ ပေါက်ဈေးရှိပါတယ်။ မတ်ပဲ မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၅၂၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၀၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အာလူး အားလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၅၀ ကျပ်ကနေ ငွေကျပ် ၇၀၀ ပေါက်ဈေးရှိပါတယ်။ ပြောင်းဆန် ပြောင်းဆန်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၄၈၀ ကျပ်ကနေ ၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နှမ်းဖြူ မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ v2 ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ငွေကျပ် ၄၃,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။   သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024