လတ်စ်ဗီးဂက်စ် ဂီတဖော်ျဖြေပွဲ သေနတ်ပစ်ခတ်မှု ဗွီဒီယိုဖိုင်ထွက်ပေါ်

3.1K
လတ်စ်ဗီးဂက်စ်မြို့ ဂီတဖျော်ဖြေပွဲတခုမှာ အောက်တိုဘာ ၁ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပုံနဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူတချို့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခု ဒီကနေ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ တွေ့ရှိရပါတယ်။
အဲဒီဗွီဒီယိုဖိုင်ထဲမှာ ဖျော်ဖြေပွဲအနီး ဟိုတယ်တခုရှိ ၃၂ ထပ်ကနေ သေနတ်သမားဟာ စက်သေနတ်နဲ့ ဝှေ့ယမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲ ရပ်တန့်သွားခဲ့ကာ ပရိသတ်တချို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ပါတယ်။
တချို့ပရိသတ်တွေကတော့ မပြေးဘဲ နေရာမှာတင် ပုန်းဝပ်နေကြပါတယ်။
အခုသေနတ်ပစ်ခတ်မှုဟာ အမေရိကန်သမိုင်းမှာ အသေအပျောက်အများဆုံး ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က အော်လန်ဒိုနိုက်ကလပ် သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားတယ်။