ထိုင်းနှင့် ကုန်သွယ်ရေးတိုးတက်ရန် လိုလားဟု အမေရိကန်သမ္မတ ပြော

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နဲ့ ထိုင်း ကုန်သွယ်ရေးတိုးတက်ဖို့ လိုလားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို အောက်တိုဘာ ၂ ရက်နေ့က ပြောလိုက်ပါတယ်။ အမေရိကန်ကို အလည်အပတ်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ အိမ်ဖြူတော် အစည်းအဝေးအတွင်း ထရမ့်က ခုလို ပြောလိုက်တာပါ။ သူတို့ရဲ့ ဆွေးနွေးပွဲအတွက် လုပ်ငန်းစဉ်ထဲမှာ ကုန်သွယ်ရေးလည်းပါမယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးက ပိုပိုပြီး အရေးကြီးလာတယ်၊ ထိုင်းဟာ ကုန်သွယ်ဖို့ကောင်းတဲ့ နိုင်ငံပါလို့ ထရမ့်က ထိုင်းအရာရှိတွေကို သတင်းထောက်တွေရှေ့မှာ ပြောပါတယ်။ "ကျနော်တို့ဟာ အချိန်အကြာကြီး ကြိုးစားပြီး ညှိနှိုင်းနေခဲ့တယ်။ ထိုင်းဟာ ကျနော်တို့အတွက် တကယ့်ကို အင်မတန်အရေးကြီးတဲ့၊ မတူခြားနားတဲ့ ပစ္စည်းတွေကို ထုတ်လုပ်တယ်။ ကျေန်ာတို့လည်း အလားတူ ရောင်းချင်တာတွေရှိတယ်။ ကျေန်ာတို့က ခင်ဗျားတို့ကို နည်းနည်းပိုရောင်းဖို့ ကြိုးစားမယ်။ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပိုကောင်းတာတွေပေါ့" လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up