ခြေချင်းဝတ်ဒဏ်ရာကြောင့် လူကာကူ ဘယ်လ်ဂျီယံအသင်း ပွဲစဉ်များ လွဲချော်ဖွယ်ရှိ

2.9K
မန်ယူတိုက်စစ်မှူး လူကာကူဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် ဘယ်ဂျီယံအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေပါတယ်။
လူကာကူရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ဘယ်လ်ဂျီယံ ဆေးအဖွဲ့က ဓာတ်မှန်ရိုက်စစ်ဆေးနေပြီး ဘယ်လောက်အထိ အနားယူရမလဲဆိုတာ ပြောလို့မရသေးဘူးလို့ ဘယ်လ်ဂျီယံအသင်းက သတင်းထုတ်ပြန်ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ဘော့စနီးယား၊ ဆိုက်ပရပ်စ်တို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။
လူကာကူအနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ပွဲထွက်မလားဆိုတာ ဘယ်လ်ဂျီယံနည်းပြအပေါ်မှာ မူတည်နေပြီး အသုံးပြုသင့် မပြုသင့်နဲ့ ပတ်သက်ပြီး မပြောလိုတဲ့အကြောင်းလည်း နည်းပြမော်ရင်ဟိုက ပြောပါတယ်။
အသက် ၂၄ နှစ်ရှိ လူကာကူဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ၁၂ ပွဲကစားအပြီး ၁၅ ဂိုးအထိ သွင်းယူထားပါတယ်။