ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်
DVB
·
October 3, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆာရီ ဘီဂါဝန်မြို့ကို မကြာမီကာလအတွင်း သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဘုရင် ဟာဆာနလ်ဘိုကီးယားရဲ့ ဖိတ်ကြားချက်အရ နန်းမွေဆက်ခံတဲ့ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ သွားရာက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘရူနိုင်းဘုရင် နန်းတက်တဲ့ ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတာ ဖြစ်ပါတယ်။