Homeသတင်းဓာတ်ပုံ
နိုင်ငံတကာသံတမန်အဖွဲ့ မောင်တောဒေသခံတိုင်းရင်းသားများနှင့် မွတ်စလင်များကို တွေ့ဆုံမေးမြန်း
နိုင်ငံတကာသံတမန်အဖွဲ့ မောင်တောဒေသခံတိုင်းရင်းသားများနှင့် မွတ်စလင်များကို တွေ့ဆုံမေးမြန်း
DVB
·
October 2, 2017
ရခိုင်ပြည်နယ် မောင်တောဒေသ ကျေးရွာတွေကို နိုင်ငံတကာ သံတမန်အဖွဲ့တွေ လာရောက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အမေရိကန်၊ ပြင်သစ်၊ ဒိန်းမတ်၊ နော်ဝေး၊ အစ္စရေး၊ နယူးဇီလန် စတဲ့နိုင်ငံတွေက သံတမန်အဖွဲ့ဝင် ၂၀ ဦးကျော်ဟာ ရသေ့တောင်မြိုနယ်ထဲက ကျေးရွာတချို့နဲ့ မောင်တောမြို့နယ်ထဲက ရွှေဇား၊ ပန်းတောပြင်၊ ရဲဘော်ကျား၊ နူရူလာ စတဲ့ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။
”မွတ်စလင်တွေ ဘာကြောင့်မပြေးတာလဲ၊ တိုင်းရင်းသားတွေရော ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရလဲ၊ အခုလောလောဆယ် ဘယ်လိုအခြေအနေရှိလဲ ဆိုတာတွေမေးကြတာ” လို့ ရွှေဇားရွာမှာရောက်နေတဲ့ ကိုဝင်းမောင်က ဒီဗွီဘီ ကိုပြောပါတယ်။
သံတမန်အဖွဲ့တွေဟာ ညနေ ၄ နာရီခန့်မှာ စစ်တွေမြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ကြ ပါတယ်။
ဓာတ်ပုံ - ဖိုးသား