Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ ကားတိုက်မိ၍ သေဆုံး
DVB
·
October 2, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်၂၈၈/၄နှင့်၅ အကြားမှာ အောက်တိုဘာလ ၁ ရက် ည ၇ နာရီက လမ်းဖြတ်ကူးသူအမျိုးသားတဦး အိမ်စီးကားနဲ့တိုက်မိပြီး သေဆုံးသွားတယ်လို့ သီးကုန်းအမြန်လမ်းရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် ရွှေစစ်သည်အုပ်စု ရွာသစ်ရွာနေ အသက် ၅၄ နှစ်ရှိ ဦးကြည်စိုး ဟာ အမြန်လမ်းမကြီးမှာ လမ်းဖြတ်ကူးစဉ် မန္တလေးကနေ နေပြည်တော်ကို ယာဉ်မောင်း ကိုဇင်လင်းဦး မောင်းလာတဲ့ LANCRUSER ကားနဲ့ တိုက်မိပြီး နေရာတင်သေဆုံးတာပါ။ စခန်းမှူးရဲအုပ်သန်းထွန်းက “သတင်းရရချင်း တပ်ဖွဲ့ဝင် ၁၅ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေး အဖွဲ့တွေနဲ့ သွားတယ်။ ဦးကြည်စိုး ဦးခေါင်းနောက်စေ့ ပေါက်ပြဲတယ်၊ ဘယ်ဘက်နားက သွေးထွက်နေတယ်၊ ဘယ်ညာဒူး ဝမ်းဗိုက်တွေ ပွန်းပဲ့တယ်။ ဘယ် ခြေသလုံး ပွန်းပဲ့တယ်။ နေရာတင် သေဆုံးသွားတယ်။ တပ်ဖွဲ့ကားနဲ့ပဲ မိတ္ထီလာဆေးရုံပို့ပေးတယ်” လို့ ပြောပါတယ်။ သီးကုန်းအမြန်လမ်းရဲစခန်းက အမြန်လမ်းမကြီးမှာ ဖြတ်သန်းသွားလာ ခွင့်မရှိဘဲ လမ်းဖြတ်ကူးသူ ဦးကြည်စိုးကို အမှုအမှတ် ယာဉ်(ပ)၃၀/၂၀၁၇ နဲ့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024