သီချင်းဆိုနေစဉ် အလှဆင်သေနတ်ကြီး ၂ လက် ရော့ခ်အဆိုတော် မာရီလင်းပေါ် ပြုတ်ကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယော့ခ်စီးတီး ဂီတပွဲအတွင်း ရော့ခ်အဆိုတော် မာရီလင်းမန်ဆင် Sweet Dreams သီချင်းကို ဆိုနေတုန်း စင်ပေါ်မှာ အလှဆင်ထားတဲ့ ပစ္စတိုသေနတ်ကြီး ၂ လက် သူ့အပေါ် ပြုတ်ကျခဲ့လို့ အဆိုတော် ဆေးရုံရောက်သွားတယ်လို့ သိရပါတယ်။ အသက် ၄၈ နှစ်အရွယ် အဆိုတော်က စက်တင်ဘာ ၃၀ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်လောက်က မန်ဟက်တန်စင်တာ ဟမ်မာစတိန်း အကခန်းမမှာ သူ့ရဲ့ဂီတသီဆိုသရုပ်ဖော်မှု လုပ်နေစဉ်အတွင်း အလှဆင်ထားတဲ့ သေနတ်ကြီး ၂ လက်အပေါ် စတင်တက်ခဲ့ရာကနေ သေနတ်တွေက ရုတ်တရက် သူ့အပေါ် ပြုတ်ကျခဲ့တယ်လို့ မျက်မြင်တွေရဲ့ အပြောအရ သိရပါတယ်။ လူတော်တော်များက စင်ပေါ်အမြန်တက်ပြီး ကယ်ဆယ်ခဲ့ပေမယ့် မိနစ်အတော်ကြာပြီးမှ မန်ဆင်ကို စင်ပေါ်က အထမ်းစင်နဲ့ ခေါ်ဆောင်သွားရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့ညရဲ့ ကျန်ရှိနေတဲ့ ဂီတပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အဆိုတော်ရဲ့ ကိုယ်စားလှယ်က အဆိုတော်အနေနဲ့ ထိခိုက်ဒဏ်ရာတွေအတွက်  ဆေးရုံပေါ်မှာ ကုသနေရကြောင်းပြောပေမယ့် ဒဏ်ရာအခြေအနေ ဘယ်လောက် ပြင်းထန်တယ်ဆိုတာတော့ မပြောခဲ့ပါဘူး။

More News
Up