Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် တရားမဝင်သစ်စက်နှင့် ကျွန်းသစ်လုံး ၅၇ လုံးဖမ်းမိ
DVB
·
October 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မန်ဖာကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲက တရားမဝင်သစ်စက် ၂ လုံးနဲ့အတူ ကျွန်းသစ် ၅၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး၊ တောအုပ်ဦးအောင်လှိုင်ဝင်း၊ တောခေါင်း ဦးငြိမ်းသူရအောင်၊ မန်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တရားမဝင်သစ်စက်လည်ပတ်နေကြောင်း သတင်းအရ မန်ဖာကျေးရွာ အနောက်ဘက် ၄ မိုင်ခန့်အကွာ သစ်လွင်ကြိုးဝိုင်းအတွင်း ဝင်ရောက်ဖမ်းဆီးရာ သစ်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့အတူ သစ်ခွဲစက် ၂ လုံး၊ ကျွန်းသစ် ၅၇ လုံး ၁၈ ဒသမ ၂၂၂ တန်၊ ကာလတန်ဖိုး ၁၄၅၇၇၆၀ ကျပ်တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်စက်နဲ့ ကျွန်းသစ်လုံးတွေကို အင်းတော်မြို့နယ်သစ်တောဦးစီးက လုံခြုံတဲ့နေရာကို သယ်ယူဖို့ စီစဉ်နေပြီး သစ်စက်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024