Home
မြန်မာသတင်း
၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား နေပြည်တော်တွင် ပြုလုပ်
နေဖြိုးဝင်း
·
October 1, 2017
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ၅၃ နှစ်မြောက် အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ သက်ဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တချို့၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့ သံတမန်တွေတက်ရောက်ခဲ့ကြပါတယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေက “ရဲတပ်ဖွဲ့ဝင်တွေဟာ လုပ်ပိုင်ခွင့်တွေနဲ့ ဥပဒေတွေကို အသုံးပြုတာမှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းတွေ အဖြစ် ရဲတပ်ဖွဲ့ရဲ့ သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ဥပဒေနဲ့ ညီညွတ်မှုဆိုတဲ့ အချက်သုံးချက်ကို ခိုင်မာအောင်တည်ဆောက်ပြီး နိုင်ငံနဲ့ ပြည်သူအကျိုးကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်”လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါအပြင် ရဲချုပ်အောင်ဝင်းဦးကလည်း ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေတဲ့ ရဲတပ်ဖွဲ့ အဖြစ် ရပ်တည်နိုင်အောင် ဒီမိုကရေစီစနစ်နဲ့လျော်ညီတဲ့ ရဲတပ်ဖွဲ့လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီကနေမှာဆိုရင် ၅၃ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024