Home
မြန်မာသတင်း
မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)
DVB
·
October 1, 2017
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်ယူက ခရစ္စတယ်ပဲလေ့စ်အသင်းကို ကစားကွက် အသာ၊ ခြေအသာနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ခရစ္စတယ် ပဲလေ့စ်ကတော့ ကစားထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲစလုံး နိုင်ပွဲ မရသေးပါဘူး။ မန်ယူအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်မှာ ကွင်းလယ်သမား မာတာက သွင်းယူပါတယ်။ ဒုတိယဂိုးနဲ့ တတိယဂိုးကို ကွင်းလယ်သမား ဖယ်လိုင်နီက သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူ ကွင်းလယ်သမား ဖယ်လိုင်နီ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ မန်ယူ နည်းပြ မော်ရင်ဟိုကလည်း ဖယ်လိုင်နီ အပေါ်မှာ ယုံကြည်မှု ပေးထားကြောင်း ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။ အိမ်ရှင်အတွက် အပိတ်ဂိုးကို တိုက်စစ်မှူး လူကာကူက ၈၆ မိနစ်မှာ သွင်းယူပါတယ်။ နိုင်ပွဲဆက်နေတဲ့ မန်ယူဟာ ၁၉ မှတ်နဲ့ အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ အမှတ်တူပေမယ့်လည်း သွင်းဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ခရစ္စတယ် ပဲလေ့စ်အသင်းကတော့ အမှတ် မရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံး အဆင့် ၂၀ မှာ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024