Home
မြန်မာသတင်း
ရန်ကုန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၄ ထောင်ကျော်ဖိုး ဖမ်းမိ
DVB
·
September 30, 2017
ရန်ကုန်မှာ ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းကျော်ကို စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ သီရိမွန်ပလာဇာဝင်း၊ လုံးချင်းအိမ်ယာ ၁၀ လမ်းပေါ်မှာ ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်နေ စိုင်းပြည့်ကျော် မောင်းနှင်ပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်နေ  သန်းအောင် လိုက်ပါစီးနင်းလာတဲ့ ယာဉ်အမှတ် 3E/------HONDA FIT ကို သတင်းအရ စစ်ဆေးရှာဖွေရာ ကားပေါ်မှာ မှိုင်းခံစက္ကူနဲ့ ထုပ်ထားတဲ့ 88 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၃၀ ထုပ်ကို စုထုပ်ထားတဲ့ ဆေးပြား ၆၀၀၀ ပြားစီပါ ၂၂ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀၀ ပြား၊ တန်ဖိုးငွေကျပ်သိန်း ၄၆၂၀ ဖိုး ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဖုန်းနှစ်လုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတခုနဲ့ ယာဉ်သက်သေခံ လက်မှတ်တခု တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း မယ(ပ)၁၃/၂၀၁၇၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024