Home
မြန်မာသတင်း
ပုလောတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ
DVB
·
September 30, 2017
ပုလောမြို့နယ်၊ နန်းတောင်တံတားအနီးမှယ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီက ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး တဦး သေဆုံးခဲ့တယ်လို့ ပုလောရဲစခန်းမှ သိရပါတယ်။ တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်၊ နန်းတောင်လမ်း၊ နန်းတောင်တံတားအနီးမှာ ပုလော ကနေ ကျောင်းနိမ့်ကျေးရွာကို စောအေးမင်းဒါး မောင်းနှင်ပြီး နောက်မှာ လင်းလင်းဦး လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ နိမ့်ကျောင်းကျေးရွာကနေ  ပုလောဘက်ကို ဆန်းမင်းအောင် မောင်းနှင်လာတဲ့ Forland အမျိုးအစား ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ “နန်းတောင်လမ်းကကျဉ်းတယ်။ အကျယ်က ၁၂ ပေလောက်ပဲရှိမယ် ကားကလာနေတာ မျက်နှာချင်းဆိုင်မောင်းလာတဲ့ဆိုင်ကယ်က အရှိန်နဲ့ဝင်တိုက်တယ်။ ဆိုင်ကယ်မောင်းတဲ့သူ သေဆုံးသွားတယ်။ နှစ်ဖက်စလုံးကို ကျနော်တို့ အမှုဖွင်းထားပါတယ်” လို့ ပုလောရဲစခန်းမှ ဒုရဲအုပ် ထက်အောင်ရွှေက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ လင်းလင်းဦးမှာ ဝဲဘက်နားရွက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) နဲ့ ဆိုင်ကယ်မောင်းသူ စောအေးမင်းဒါးမှာ ဝဲဘက်နားရွက်ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါ တယ်။ ပုလောမြို့မရဲစခန်းက ယာဉ်အားမဆင်မချင်မောင်းနှင်၍ လူ့အသက်သေဆုံးအောင် မောင်းနှင်သူ ဆန်းမင်းအောင်နဲ့ စောအေးမင်းဒါး တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က / ၃၃၇ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024