Home
မြန်မာသတင်း
လက်နက်ခဲယမ်းတင် ကား ၁၀ စီးကို အီဂျစ်လေတပ် ပစ်ခတ် (ရုပ်သံ)
DVB
·
September 29, 2017
by dvburma လစ်ဗျားနဲ့ အီဂျစ်အနောက်ပိုင်း ထိစပ်နေတဲ့ နယ်စပ်မှာ လက်နက် ခဲယမ်းမီးကျောက်တွေ တင်လာတဲ့ ကား ၁၀ စီးကို အီဂျစ်လေတပ်က ပစ်ခတ်ခဲ့တယ်လို့ အီဂျစ်အစိုးရက စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။ “နိုင်ငံရဲ့နယ်စပ်တွေက ဗျူဟာမြောက် တပ်ဦးတွေ အားလုံးမှာ လုံခြုံစေဖို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အားထုတ်မှုတွေ ဆက်ရှိနေတယ်။ ရာဇဝတ်သားတွေဟာ ကားတွေသုံးရင်း ဗျူဟာမြောက် အနောက်ဘက် လမ်းကြောကနေ အီဂျစ်နယ်စပ်တွေကို ထိုးဖောက်ဝင်ရောက်လာဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အတည်ပြုထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရထားတယ်။ ကျန်ခဲ့တဲ့ ၄၈ နာရီအတွင်း ပစ်မှတ်တွေကို လိုက်ထောက်လှမ်း တိုက်ခိုက်ခဲ့တယ်” လို့ စစ်တပ်က ကြေညာပါတယ်။ လေတပ်နဲ့ နယ်ခြားစောင့်တပ်တွေက မှောင်ခိုသွင်းလာသူတွေရဲ့ လုပ်ငန်းတွေကို ဆက်ပြီး ရှင်းလင်းနေတယ်လို့လည်း ပြောပါတယ်။ အီဂျစ်လုံခြုံရေးတပ်တွေဟာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ သူပုန်ထမှုကို ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲနေခဲ့တာပါ။ လတ်တလောမှာ အိုင်အက်စ်တွေက စီနိုင်းကျွန်းဆွယ်ကို ထိုးဖောက်ဝင်ရောက်နေပြီး နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေကို တိုးချဲ့ဝင်ရောက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024