ဆီးရီးယားအနောက်မြောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁၅၀ သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားအတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းကို ရုရှားနဲ့ ဆီးရီးယားအစိုးရက ပြီးခဲ့တဲ့တပတ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး အရပ်သား ၁၅၀ သေဆုံးသွားပါတယ်။ ဆီးရီးယား အီလိဒ်ပြည်နယ်ကို ရုရှားက ဗုံးကြဲတိုက်ခိုက်တဲ့ ဖိုင်တွေကို စက်တင်ဘာ ၂၈ ရက်က လူမှုကွန်ရက်မီဒီယာပေါ်မှာ လွှင့်တင်ခဲ့ပါတယ်။ ဆီးရီးယားမှာ လေကြောင်းကနေ တိုက်ခိုက်မှုကို ၆ လကြာ ရပ်တန့်နေတာဖြစ်ပေမယ့် ဂျီဟတ်ဝါဒီ သူပုန်တွေက ဆီးရီးယားအစိုးရ ထိန်းချုပ်ထားတဲ့ မြောက်ပိုင်း ဟာမားဒေသကို ပြီးခဲ့တဲ့အပတ်က အပြင်းအထန် တိုက်ခိုက်ခဲ့အပြီးမှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့တာပါ။ ရုရှားနဲ့ ဆီးရီးယားတို့ရဲ့ အခုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ ၆ ရုံ ပျက်စီးသွားသလို အရပ်သား အကာအကွယ်ပေးရေးစင်တာ ၅ ခုနဲ့ လျှပ်စစ်ဓာတ်အားပေးရုံတွေ ပျက်စီးသွားတဲ့ ပုံတွေကို ဆီးရီးယားမှာရှိတဲ့ အရပ်သားအကာအကွယ်ပေးရေး တာဝန်ရှိသူတွေက ရိုက်ကူးပြသခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up