ရီးရဲလ်တွင် နှစ်ပေါင်းများစွာ ကစားလိုကြောင်း စီရော်နယ်ဒို ပြော

ဓာတ်ပုံ - ရိုက်တာ
ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာကြာတဲ့အထိ ကစားချင်ပေမယ့် အသင်းဥက္ကဋ္ဌကပဲ ဆုံးဖြတ်နိုင်မယ်လို့ စီရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး အဲဒီအချိန်ထက်ပိုပြီး ဆက်ကစားချင်သေးတယ်လို့ စီရော်နယ်ဒိုက ဆိုပါတယ်။ ဒါပေမယ့် ကစားသမားဘဝကနေ အနားယူတဲ့အထိ ဆက်ကစားမလား ဆိုတာကတော့ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကသာ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ စီရော်နယ်ဒိုက ဆိုပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက တပတ်လုပ်ခ ပေါင် ၃၆၅၀၀၀ နဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မန်ယူအသင်းကနေ ပြောင်းရွှေ့လာတဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ၉ နှစ်အတွင်း စုစုပေါင်း ပွဲ ၄၀၀ မှာ ၄၁၁ ဂိုးအထိ စံချိန်တင် သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up