ရန်ကုန်လေဆိပ်တွင် မြူနှင်းများထူထပ်စွာကျသဖြင့်လေကြောင်းခရီးစဉ်များရွှေ့ဆိုင်း
ကျော်သက်မင်း
·
September 29, 2017
ရန်ကုန်လေဆိပ်မှာ စက်တင်ဘာ ၂၉ ရက်မနက်က မြူနှင်းတွေ ထူထပ်စွာကျနေတာကြောင့် ရန်ကုန်မြို့ကနေ မန္တလေး၊ ဟဲဟိုး၊ ကော့သောင်း၊ စစ်တွေစတဲ့မြို့တွေကို ထွက်ခွာမယ့် လေကြောင်းလိုင်း အသီးသီးက ခရီးစဉ်တွေ နောက်ကျမယ်လို့ ကြေညာထားပါတယ်။
လေဆိပ်ထဲကနေ လေယာဉ်ပြေးလမ်းပေါ်ကို ဘာမှမမြင်ရလောက်အောင် နှင်းထုက ပိတ်နေတာကိုမြင်တွေ့ရပါတယ်။
လေယာဉ်ထွက်ခွာချိန်တွေ ဘယ်လောက်အထိ နောက်ကျမယ်ဆိုတာကို လေကြောင်းလိုင်း တာဝန်ရှိသူတွေက အတိအကျမပြောနိုင်သေးဘဲ အနည်းဆုံး ၂နာရီလောက်နောက်ကျနိုင်တယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။
ဒီကနေ့မနက်ပိုင်း ရန်ကုန်လေဆိပ်ကနေထွက်ခွာမယ့် ပြည်တွင်းခရီးစဉ် ၇ ခုရှိနေပါတယ်။
ဓာတ်ပုံ-ကျော်သက်မင်း