အရေးပါသည့်ဂိုးများ သွင်းယူနေသည့် လူကာကူကို မောင်ရင်ဟို ချီးကျူး

မန်ယူအသင်းအတွက် အရေးပါတဲ့ဂိုးတွေ သွင်းယူနေတဲ့ လူကာကူရဲ့ ခြေစွမ်းကို နည်းပြမော်ရင်ဟိုက ချီးကျူးပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ဒီနှစ်ရာသီအစကမှ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပေမယ့် မန်ယူအသင်းအတွက် ၉ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူထားတာပါ။ လူကာကူဟာ ပွဲတိုင်းနီးပါး အရေးပါတဲ့ဂိုးတွေ သွင်းယူနေပြီး ကစားသမားကောင်းတဦးဆိုတာ သက်သေပြနေတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ လူကာကူဟာ စီအက်စ်ကေအေမော်စကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၂ ဂိုး သွင်းခဲ့ပါသေးတယ်။ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီးတော့ မန်ယူအသင်းနဲ့ ဆုဖလားများစွာ ရယူချင်တယ်လို့လည်း စီအက်စ်ကေအေမော်စကိုကို အနိုင်ရအပြီးမှာ လူကာကူက ပြောပါတယ်။ မန်ယူအသင်းဟာ လာမယ့် စနေနေ့ည ၈ နာရီခွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up