Home
မြန်မာသတင်း
မဲသဝေါတွင်တိုက်ပွဲဖြစ်ပွား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
September 28, 2017
ကရင်ပြည်နယ် မဲသဝေါဒေသ၊ ၀ုသောပူ့ နယ်ခြားစောင့်တပ်စခန်ကုန်းကို ဒီကေဘီအေ ခွဲထွက်အဖွဲ့က စက်တင်ဘာ ၂၇ ရက် ညသန်းခေါင် အချိန်လောက်က အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ ဒီနေ့လည်း စစ်ကူလိုက်တဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်နေဆဲ ဖြစ်ပြီး ဒီကေဘီအေခွဲထွက် ဗိုလ်ဘီ ဦးဆောင်ပြီးလာတယ်လို့ ကြားရကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ ဒီကေဘီအေခွဲထွက်အဖွဲ့ဖက်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ ရှိခဲ့တာကို လက်တွေ့မှာ လုပ်ဆောင်ဖို့နဲ့ သေနတ်တွေ ဘေးချပြီးတော့ လက်ဆွဲနှုတ်ဆက်စကား ပြောဆိုဖို့ လိုအပ်နေပြီး အမြဲတမ်း သွေးဆာနေတဲ့ လက်နဲ့တော့ ဘယ်တော့မှ ငြိမ်းချမ်းရေးကတော့ ရမှာမဟုတ်ဘူး”လို့လည်း ပြောဆိုသွားပါတယ်။ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို ဗိုလ်မှူး စောသက်နိုင်ဦး( ဒီကေဘီအေ ဌာနချုပ် )က အတည်ပြု ပြောဆိုထားပါတယ်။ ဒီကေဘီအေဘက်က ဒုဗိုလ်စောလော်အဲ၊ ဒုဗိုလ် ပယိုးကြေး၊ ဒုဗိုလ် ပလော့ဘော ဦးစီးတဲ့ အင်အား ၁၇ ယောက်က နယ်ခြားစောင့်တပ်ရင်း ၁၀၂၀ တပ်ရင်းက ဗိုလ်သံကြိုးအဖွဲ့ စခန်းချနေတဲ့ ၀ုသောပူ ဗိုလ်ခြမ်း နေအိမ်ကို မိနစ် ၃၀ လောက်အကြာ ၀င်ရောက်တိုက်ခဲ့ရာမှာ နယ်ခြားစောင့်တပ်ဘက်က အေကေ ၂ လက်၊ ကျည်ကပ်မျိုးစုံ ၁၅ ကပ်၊ ဗုံးသီး ၂၂ လုံး၊ ကိုးမမ ပစ္စတို ၁ လက်၊ အေအာအီကွေးမင်း ၃ စုံ၊ ကျောပိုးအိပ် ၃ လုံး သိမ်းဆည်း ရမိတယ်လို့လည်း ဆိုပါတယ်။ မဲသဝေါ ဒေသမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာပြီး မြိုင်ကြီးငူစစ်ဘေးရှောင် စခန်းကို စစ်ဘေးရှောင်ဖို့ လူဦးရေ ၅၀၀၀ လောက် ရောက်ရှိနေတာ ၁ နှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024