ဂေါ်ရဂါးလူမျိုးများ၏ ဒါဆာဟာရာပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ
DVB
·
September 28, 2017
ဂေါ်ရဂါးလူမျိုးတွေရဲ့  ဒါဆာဟာရာပွဲတော်ကို စက်တင်ဘာ ၂၇ ရက်နေ့ ညက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဒါဆာဟာရာပွဲတော် ဆိုတာ ရာမ လက္ခဏက ဒဿဂီရိကို အောင်နိုင်တဲ့ပွဲလို့ အစွဲပြုပြီး မကောင်းမှုက ကောင်းမှုကို အောင်နိုင်တယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ ဓလေ့ထုံးတမ်းအရ ကျင်းပကြတာ ဖြစ်ပါတယ်။
ဒီလိုနေ့ဆိုရင် ဂေါ်ရဂါးလူမျိုးတွေ လူကြီးသူမကို အရိုအသေပြုတာ ကခုန်တီးမှုတ်တာ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာမုန့်တွေ စားတာ စတဲ့ အလေ့အထတွေကို ပြုလုပ်လေ့ရှိကြပါတယ်။
အရင်နှစ်တွေက ဘုရားကျောင်းမှာပဲ ပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဘာသာရေး ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို ဖိတ်ကြားပြီး ခမ်းနားစွာ ကျင်းပတာ ဖြစ်ပါတယ်။