Live
Home
မြန်မာသတင်း
မိုးညှင်းတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဖမ်းမိ
DVB
·
September 28, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ အမျိုးသားတဦးဆီက ကျပ် ၃၅၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။ ဖမ်းဆီးရမိပုံမှာ မိုးညှင်းမူးယစ်တပ်ဖွဲ့စု ၃ မှ ရဲအုပ်မျိုးမင်းထွန်းနဲ့အဖွဲ့ လုံးတုံရဲစခန်းက ရဲအုပ်ဗျတ်ဆန်းနဲ့အဖွဲ့ မိုင်းနောင်ကျေးရွာ ရာအိမ်မှူး ဟိုပင်ပြည်သူ့စစ်တို့ပူးပေါင်းအဖွဲ့ဟာ မူးယစ်သတင်းအရ မိုင်းနောင်ကျေးရွာ ဗိုလ်တဲစုရပ်ကွက်နေ မင်းနိုင်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ရောင်စုံဆပ်ပြာခွက် ၁ ခွက်လျှင် ဘိန်းဖြူ ၁၂ ဂရမ် စီပါ ၃၃ ခွက်၊ ကာလတန်ဖိုး ၂၃၇ သိန်း ၆ သောင်းနဲ့ 88/1စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၃၉၀၀ ပြား၊ ကာလတန်ဖိုး ၁၁၇ သိန်း နှစ်မျိုးပေါင်း ၃၅၄ သိန်း ၆ သောင်းဖိုး သိမ်းဆည်းရမိခဲ့တာပါ။ “၂၀၁၇ မှာတော့ လုံးတုံစခန်းမှာ ဒါအများဆုံးဖမ်းမိတာပါ။ အဓိကကတော့ ပြည်သူတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်နဲ့ မီးသတ်ရဲဘော်တွေပါ ပူးပေါင်းပါဝင်ကြမယ်ဆိုရင် မှုးယစ်တွေ မိကိုမိနိုင်တယ်။ ပညာပေးလုပ်တာကတဖက် ဖမ်းဆီးရေးလုပ်မှာ ကတဖက်ဆို မူးယစ်တွေ ပပျောက်နိုင်မယ်” လို့ လုံးတုံရဲစခန်းမှ ရဲအုပ်ဗျတ်ဆန်းက ပြောပါတယ်။ လုံးတုံရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ မင်းနိုင်ကို  မူး/စိတ်ပုဒ်မ-၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မုန်းမုန်းမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024