Home
မြန်မာသတင်း
ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်
DVB
·
September 28, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် စက်တင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းက သထုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူ ၁၆၁ ဦးကို နွားနို့နှင့် ကြက်ဥများကို တိုက်ကျွေးခဲ့ပါတယ်။ သထုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမက်အောင်က “အရင်ကလည်း ဌာနအစီအစဉ်နဲ့ရော၊ တခြားအဖွဲ့အစည်းတွေကပါ ကျောင်းတွေမှာ ကလေးတွေကို နွားနို့တိုက်တာရှိပါတယ်။ လက်ရှိတော့ ကျောင်းတွေမှာ နို့တိုက်ကျွေးရေး အစီအစဉ်အတွက် သီးခြားဘတ်ဂျတ်ချထားတာမျိုး မရှိသေးဘူး။ ဌာနနဲ့အလှူရှင်တွေနဲ့ ပေါင်းစပ်ပြီး တိုက်ရတာ ဖြစ်လို့ စဉ်ဆက်မပြတ် မတိုက်နိုင်သေးဘူး။ ဒါပေမယ့်လည်း သထုံခရိုင်ထဲမှာ နွားနို့ပေါင်းစက်ရုံ နှစ်ခုဆောက်နေပါတယ်။ အဲဒီစက်ရုံစီမံချက် အောင်မြင်သွားရင်တော့ စဉ်ဆက်မပြတ် တိုက်ကျွေး နိုင်မှာပါ” လို့ ပြောပါတယ်။ နွားနို့သောက်သုံးခြင်းဖြင့် ကလေးတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးထွားတာ၊ အရိုးအဆစ်သန်မာတာ၊ ဉာဏ်ရည်မြင့်မားတာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေဖို့နဲ့ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးစေဖို့အတွက် ရည်ရွယ်တိုက်ကျွေးတာလို့ ဆိုပါတယ်။ နွားနို့ပေါင်းစက်စီမံချက်အတွက် သထုံနဲ့ဘီးလင်းမြို့နယ်တို့မှာ စက်ရုံတည်ဆောက်ထားပြီးဖြစ်ကာ စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ နို့စားနွားမွေးမြူမယ့်သူတွေကို ထုတ်ချေးပေးနိုင်မယ့် ချေးငွေတွေရရှိဖို့ တင်ပြတောင်းခံထားကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးက သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024