နွားထိုးကြီးမြို့အနီး အင်အား ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
September 27, 2017
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၅၇ မိုင်ခန့် ကွာဝေးတဲ့နေရာ မြန်မာနိုင်ငံ ပြည်တွင်းမှာ အင်အား ရစ်(ခ်ျ)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ -မိုးဇလ