ယူဂန္ဓာပါလီမန်အတွင်း အမတ်များ လက်သီးထိုး တိုက်ခိုက်မှုဖြစ်ပွား (ရုပ်သံ)

အာဖရိကတိုက်က ယူဂန္ဓာနိုင်ငံ ပါလီမန်ထဲမှာ စက်တင်ဘာ ၂၆ ရက်က အမတ်တွေကြား လက်သီးထိုးတာ၊ ခုံတွေနဲ့ပစ်ပေါက် တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော် အာဏာရယူထားတဲ့ လက်ရှိသမ္မတကို သက်တမ်းထပ်တိုး၊ မတိုး ကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန်တွင်း ဆွေးနွေးငြင်းခုံမှုမတိုင်မီ အခုလို တိုက်ခိုက်ခဲ့ကြတာပါ။ ဆယ်စုနှစ်သုံးခုစာလောက် သမ္မတရာထူး ရယူထားတဲ့ လက်ရှိသမ္မတ ယိုဝရီမူဆာဗင်နီ (Yoweri Musenveni) ကို သက်တမ်းထပ်ထိုးဖို့ကိစ္စကို အရပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအတိုက်အခံတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သူ့ရဲ့ ပါတီဝင်တချို့ကပါ ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ ပါလီမန်တွင်းမှာ လက်ရှိသမ္မတ ယိုဝရီမူဆာဗင်နီ သမ္မတသက်တမ်း ထပ်အရွေးခံနိုင်ဖို့အတွက် အခြေခံဥပဒေပြင်ဆင်ဖို့ လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်ဖို့ ပါလီမန်ဥက္ကဋ္ဌက ခွင့်ပြုလိုက်အပြီးမှာ အခုလို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတသက်တမ်းတိုးတာကို ဆန့်ကျင်တဲ့ ပါလီမန်အမတ်တွေဟာ  ယူဂန္ဓာအမျိုးသားသီချင်းကို သီဆိုနေခဲ့ကြပြီး အခြေခံဥပဒေပြင်မယ့်ကိစ္စကို အောင်မြင်စွာ တားဆီးထားနိုင်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up