Live
Home
မြန်မာသတင်း
ကုလသမဂ္ဂအကူအညီ​ပေး​ရေး​ယာဉ်တန်း​ ​ကေအိုင်အို နယ်​မြေထဲ ​ရောက်ရှိ
ပီတာအောင်
·
March 25, 2012
မြန်မာပြည်​မြောက်ပိုင်း​ ကချင်ပြည်နယ်ထဲက ပဋိပက္ခ​တွေဖြစ်ပွား​နေတဲ့​ နယ်​မြေထဲကို ကုလသမဂ္ဂရဲ့​ အ​ရေး​ပေါ် လူသား​ချင်း​စာနာမှု အကူအညီ​ပေး​ရေး​ ယာဉ်တန်း​ရောက်ရှိသွား​ပြီဖြစ်တယ်လို့​ IRIN ​ခေါ် ကုလသမဂ္ဂလူမှု အကူအညီ​ပေး​ရေး​ သတင်း​ဌာနက သတင်း​ထုတ်ပြန်ပါတယ်။ ကုန်တင်ကား​ ၄ စီး​နဲ့​ ကုလသမဂ္ဂယာဉ် ၂ စီး​ပါဝင်တဲ့​ ယာဉ်တန်း​ဟာ မြစ်ကြီး​နား​မြို့​က​နေ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) ထိမ်း​ချုပ် နယ်​မြေထဲကို မတ်လ၂၄ ရက်မှာ ​ရောက်ရှိသွား​တာလို့​ ဆိုပါတယ်။ အကူအညီ​ပေး​ရေး​ ပစ္စည်း​တွေ အဖြစ် လူ ၁ ​ထောင်စာ​လောက် အတွက် ၁ လစာ စား​သုံး​နိုင်မယ့်​ အစား​အစာ​တွေနဲ့​ စား​စရာမဟုတ်တဲ့​ ကယ်ဆယ်​ရေး​ ပစ္စည်း​မျိုး​စုံလည်း​ ပါသွား​တယ်လို့​သတင်း​မှာ ​ရေး​ပါတယ်။ ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာလကလည်း​ အကူအညီ​ပေး​ရေး​အဖွဲ့​တွေကို ​ကေအိုင်အို နယ်​မြေထဲ မြန်မာအစိုး​ရက ဝင်​ရောက်ခွင့်​ပေး​ခဲ့​ပြီး​ ဒါဟာ ဒုတိယအကြိမ်ပါ။ ကချင်ပြည်နယ်တိုက်ပွဲ​တွေအတွင်း​ လူ​ပေါင်း​ ၆ ​သောင်း​လောက် ​နေရပ်စွန့်​ခွာ ထွက်​ပြေး​ရတယ်လို့​ ကုလသမဂ္ဂက ခန့်​မှန်း​ထား​တာပါ။ ဒီထဲမှာ မြန်မာအစိုး​ရ ထိန်း​ချုပ်ထား​တဲ့​ နယ်​မြေထဲမှာ လူ ၂ ​သောင်း​လောက်နဲ့​ ​ကေအိုင်အို နယ်​မြေထဲမှာ​တော့​ လူ ၄ ​သောင်း​လောက် ဒုက္ခ​ရောက်​နေတယ်လို့​ ဆိုပါတယ်။ ​ကေအိုင်​အေ ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော်က​တော့​ မြန်မာအစိုး​ရနဲ့​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲနဲ့​ ပတ်သက်ပြီး​ ပြည်သူသို့​ အသိ​ပေး​ကြေညာချက်တခု စ​နေ​နေ့​မတ်လ ၂၄ ရက်​နေ့​စွဲနဲ့​ ထုတ်ပြန် ​ကြေညာ ထား​ပါတယ်။ ဒီ​ကြေညာချက်မှာ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲဟာ ၂၀၁၁ ဇွန်လကစပြီး​ ခုချိန်ထိ ၁၀ လကြာသွား​ပြီဖြစ်တဲ့​အ​ကြောင်း​ ငြိမ်း​ချမ်း​ရေး​ ကြိုး​ပမ်း​မှု​တွေနဲ့​ ​ဆွေး​နွေး​မှု​တွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့​ကြောင်း​၊​ ဒါ​ပေမယ့်​ ခုချိန်ထိ နှစ်ဖက်နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​နိုင်တဲ့​ အဆင့်​ထိ မ​ရောက်​သေး​ဘဲ စစ်​ရေး​အရှိန်သာ ပိုလို့​တိုး​လာ​နေ​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024