ဇနီးနှင့် ကွာရှင်းခဲ့သည့်အမျိုးသား အဆိပ်ပြင်းမြွေ အကိုက်ခံပြီး သေကြောင်းကြံ

ဓာတ်ပုံ - east2west news
3.7K
ဇနီးနဲ့ အိမ်ထောင်ကွာရှင်းပြီးနောက် အသည်းကွဲဝေဒနာ ခံစားနေရတဲ့ ခင်ပွန်း အမျိုးသားတဦးဟာ အဆိပ်ပြင်းမြွေတကောင် အကိုက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
[caption id="attachment_230873" align="alignleft" width="291"]
ဓာတ်ပုံ - east2west news[/caption]
အသက် ၃၁ နှစ်အရွယ် ရုရှားနိုင်ငံသား အာဆလန် ဗယ်လီးဗ်ဟာ မြွေကျွမ်းကျင်သူတဦးဖြစ်ကာ သူမွေးမြူထားတဲ့ အနက်ရောင် အာဖရိက မမ်ဗာအဆိပ်ပြင်းမြွေ အကိုက်ခံပြီး သေဆုံးသွားခဲ့တာပါ။
သူဟာ မသေဆုံးခင်မှာ ဒီအဖြစ်အပျက်ကို ပရိသတ်တွေဆီ အွန်လိုင်းပေါ်မှ ထုတ်လွှင့်ပြသခဲ့ပြီး ကွာရှင်းထားတဲ့ ဇနီးဖြစ်သူကို သူ့ဆီပြန်ခေါ်လာပေးဖို့ ပြောခဲ့တာပါ။
သူနဲ့ ဇနီးဖြစ်သူ ၂ ဦးစလုံးဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ မြွေတွေ၊ ကြောင်တွေနဲ့ ပတ်သက်ပြီး ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပရိသတ် ထောင်သောင်းချီရှိနေတဲ့ နာမည်ကြီးသူတွေ ဖြစ်ကြပါတယ်။
အွန်လိုင်းပေါ် ထုတ်လွှင့်ပြသနေစဉ် အာဆလန်ဟာ အသက်ကို မြန်မြန်ရှူနေရပြီး မျက်လုံးတွေဟာ ဟိုဟိုဒီဒီ ရွေ့လျားနေခဲ့တာ တွေ့ရပါတယ်။
သူ့လက်ပေါ်မှာပြထားတဲ့ မြွေကိုက်ခံထားရတဲ့ ဒဏ်ရာမှာတော့ မြွေဆိပ်ကြောင့် ထုံလာခဲ့တယ်လို့ ဆိုပါတယ်။
သူက ပရိသတ်တွေကို “ဟိုင်း ဘော်ဒါတို့။ ခုချိန်က ကျနော် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အချိန်တခုပဲ။ တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး ခင်ဗျားတို့နဲ့ အချိန်တခုလောက် ရှိဦးမှာပါ” လို့ ပြောခဲ့တာကို တွေ့ရပါတယ်။
သူဟာ အသက်ကို မြန်မြန်ရှူနေရပြီး လက်ပေါ်က သွေးထွက်နေတဲ့ ဒဏ်ရာနဲ့အတူ “ဒါပေမယ့် ကျနော့်မိုဘိုင်းဖုန်းထဲမှာ ခက်တ်ရာ(ဇနီးဖြစ်သူ) အတွက် ပြောစရာစကားတွေ ချန်ထားခဲ့ပါတယ်။ သူ့ကို ကျနော် ဘယ်လောက်ချစ်ကြောင်း ခင်ဗျားတို့ ပြောပေးကြပါ” လို့ ပြောခဲ့ပါတယ်။
သူ့ကို အချိန်မီ ဆေးရုံပို့ဆောင်ခဲ့ပေမယ့် မမီခဲ့ဘဲ သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အာဆလန်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကတော့ ဒီအဖြစ်အပျက်အတွက် ဇနီးဖြစ်သူကို ပြစ်တင်ဝေဖန်နေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ သူဟာ ဇနီးဖြစ်သူကို သူ့ရဲ့အပြစ်တွေအတွက် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
တချို့သတင်းတွေကလည်း အာဆလန်ဟာ ဇနီးဖြစ်သူကို ရိုက်နှက်ခဲ့တဲ့အတွက် ခုလိုပြိုကွဲရတာဖြစ်တယ်လို့ ပြောနေကြတာပါ။
ဇနီးဟောင်းဖြစ်သူကတော့ ဒီသွေးပျက်စရာ ရုပ်သံဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ရှင်းလင်းမှု တစုံတရာ မလုပ်ခဲ့ပါဘူး။
