အဂွဲရိုးသည် ပရီးမီးယားလိဂ်၏ တဦးတည်းသော ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ဟု အွန်နရီ ပြော

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ပရီးမီးယားလိဂ်ရဲ့ တဦးတည်းသော ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်တယ်လို့ အာဆင်နယ် ကစားသမားဟောင်း အွန်နရီက ပြောကြားလိုက်ပါတယ်။ အဂွဲရိုးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၆ ဂိုးသွင်းယူထားပြီး ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူတိုက်စစ်မှူး လူကာကူနဲ့ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာတို့လည်း ခြေစွမ်းပြ ဂိုးတွေသွင်းနေပေမယ့် ဆုဖလား အောင်မြင်မှုတွေနဲ့ သက်သေမပြနိုင်သေးတာကြောင့် အဂွဲရိုးကသာ ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်တယ်လို့ အွန်နရီက ပြောပါတယ်။ မန်ယူတိုက်စစ်မှူး လူကာကူဟာ ဒီနှစ်မှ မန်ယူရောက်လာတာဖြစ်ပြီး ချန်ပီယံလိဂ်လို အဆင့်မြင့်ပြိုင်ပွဲတွေ အခုမှ ကစားဖူးတာဖြစ်သလို မိုရာတာဟာလည်း ဂျူဗင်တပ်နဲ့ ခြေစွမ်းပြခဲ့ပေမယ့် ရီးရဲလ်အသင်းမှာ အရန်ကစားသမားတဦးသာ ဖြစ်ခဲ့တယ်လို့ အွန်နရီက ဆိုပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း နှစ်ရာသီဆက် ဂိုးသွင်းဘုရင်ဆု ရထားပေမယ့် ဥရောပအဆင့်မှာ အောင်မြင်မှုမရသေးဘူးလို့ အွန်နရီက ဆိုပါတယ်။ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ၂၀၁၁ ခုနှစ်ကတည်းက အက်သလက်တီကိုကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်စီးတီးအတွက် ကစားထားတဲ့ ပွဲပေါင်း ၂၆၀ မှာ ၁၇၆ ဂိုးအထိ သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up