ပါလက်စတိုင်း သေနတ်သမား ပစ်ခတ်မှုကြောင့် အစ္စရေး လုံခြုံရေး ၃ ဦး သေဆုံး

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသမှာ စက်တင်ဘာ ၂၆ ရက်နေ့က ပါလက်စတိုင်း သေနတ်သမားတဦး ပစ်ခတ်မှုကြောင့် အစ္စရေး လုံခြုံရေးအစောင့် ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာခဲ့ပါတယ်။ အဲဒီနောက် သေနတ်သမားဟာ သူ့ကိုယ်သူ ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ပြောပြချက်အရ သေနတ်သမားဟာ ပါလက်စတိုင်း အလုပ်သမားတဦး အနေနဲ့ ဟာအာဒါမြို့ကို ချဉ်းကပ်ခဲ့တာဖြစ်ပြီး စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအစောင့်တွေနဲ့ အစ္စရေးရဲတွေက သံသယဝင်ခဲ့ပါတယ်။ အဲဒီနောက် ရပ်တန့်ခိုင်းရာ အဲဒီ ပါလက်စတိုင်းလူမျိုးက အင်္ကျီချွတ်ပြီး ပစ္စတိုသေနတ်ကို ထုတ်ကာ လုံခြုံရေးအစောင့်တွေနဲ့ အစ္စရေးရဲတွေကို အနီးကပ် ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သမားဟာ အစ္စရေးမှာ အလုပ်ပါမစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ ပါလက်စတိုင်းလူမျိုး ဖြစ်တယ်လို့ အစ္စရေးဘက်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up