ကော်တင်ဟိုကို ဘာစီလိုနာအသင်းထံ ရောင်းချရန် ဆုံးဖြတ်ပြီးဖြစ်ဟု သတင်းထွက်

3K
လီဗာပူးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းဆီ ရောင်းချဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကတည်းက ကော်တင်ဟိုကို ဘာစီလိုနာက ပေါင် ၁၄၈ သန်းအထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက လက်မခံခဲ့တာပါ။
စပိန်သတင်းစာ Sport ရဲ့ အဆိုအရ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ လီဗာပူးအသင်းကို တောင်းဆိုခဲ့ပြီး အသင်းတာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးလက်ရွေးစင် ကော်တင်ဟိုကို ဘာစီလိုနာအသင်းက နေမာရဲ့နေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။