Home
မြန်မာသတင်း
မိတ္ထီလာတွင် အရက်ဖိုးတောင်းသည့်တူဖြစ်သူနှင့် အဒေါ် စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
September 26, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မြေ (၁) ရန်မျိုးအောင်ရပ်ကွက်၊ စက်တင်ဘာလ ၂၅ ရက် ည ၈နာရီက အရက်ဖိုး လာတောင်းတဲ့ တူဖြစ်သူနဲ့ အဒေါ် စကားများ ရန်ဖြစ်ပြီး လူသတ်မှု ဖြစ်ခဲ့ပါတယ်။ အဒေါ်ဖြစ်သူ ဒေါ်ခင်မာတိုးက မနက် အချဉ်ပေါင်းရောင်းဖို့ နာနတ်သီးလှီးနေစဉ် တူဖြစ်သူ ကျော်မင်းထွန်း အရက်ဖိုးလာတောင်းရာက စကားများရန်ဖြစ်ကြပါတယ်။ ဒေါ်ခင်မာတိုးက လက်ထဲက အရိုးအသွား ၆ လက်မဓားနဲ့ လက်ပြန်တွက်မိရာက ကျော်မင်းထွန်း ဝမ်းဗိုက်ညာဘက်ဘေး ဒဏ်ရာရပြီး မိတ္ထီလာဆေးရုံမှာ ဆေးကုသနေစဉ် သေဆုံးသွားတာကြောင့် လူသတ်မှု ဖြစ်ခဲ့တယ်လို့ အမှတ် (၂) ရဲစခန်းက သိရပါတယ်။ ဒုရဲအုပ်အောင်သိုက်က “ည ၈ နာရီမှာ မိတ္ထီလာဆေးရုံမှာ ဆေးကုသတယ်။ ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ သေဆုံးသွားလို့ လူသတ်မှုအဖြစ် ပြောင်းပြီး အမှုဖွင့်လိုက်ရတယ်” လို့ ပြောပါတယ်။ မိတ္ထီလာ အမှတ် (၂) ရဲစခန်းတွင် ဒေါ်ခင်မာတိုးကို အမှုအမှတ် (ပ)၂၄၇/၂၀၁၇၊ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024