A d v e r t i s e m e n t With Us

ဗကသ သမိုင်း​ မအူပင်မှာ ဖြန့်​ဝေ

ဧရာဝတီတိုင်း​ မအူပင်မြို့​နယ်မှာ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် ဗကသများ​အဖွဲ့​ချုပ် (မအူပင်ခရိုင်)က ​ကျောင်း​သား​သမဂ္ဂသမိုင်း​ ဖြစ်စဉ်စာရွက်​တွေကို ​ကျောင်း​သား​ထုအကြား​ လိုက်လံ ​ဝေငှခဲ့​ပါတယ်။ ဗကသများ​အဖွဲ့​ချုပ် တရား​ဝင်​ပေါ်ထွန်​ရေး​ ဗဟို​ကော်မတီ တွဲဖက် အ​ထွေ​ထွေအတွင်း​ရေး​မှူး​(၁) ကို​အောင်​ကျော်​ကျော်က သူတို့​လိုက်လံ​ဝေငှတဲ့​ စာရွက်​တွေမှာ ဗကသများ​ပေါ်ထွန်း​ပုံ၊​ သမဂ္ဂဥက္ကဋ္ဌ အဆက်ဆက်၊​ အလံ၊​ သီချင်း​တွေပါသလို ဗကသ ညီလာခံကျင်း​ပပုံ​တွေလည်း​ ပါဝင်တယ်လို့​ ​ပြောပါတယ်။ “​ကျောင်း​သား​ထုကြား​ထဲမှာ ​ကျောင်း​သား​သမဂ္ဂဆိုတဲ့​ အ​ကြောင်း​အရာနဲ့​ ပတ်သက်တဲ့​ ဗဟုသုတ​တွေ​ရော၊​ ​နောက်တခါ သမိုင်း​ကြောင်း​တွေ​ရော သိရှိ နား​လည်ပြီး​တော့​ ​ကျောင်း​သား​သမဂ္ဂကို အား​လုံး​ပူး​ပေါင်း​ ပါဝင် ​ဆောင်ရွက် လာကြဖို့​အတွက် ရည်ရွယ်ပြီး​ ကျ​နော်တို့​ ​ဝေပါတယ်။” ဒီစာ​စောင်​တွေကို မအူပင် အစိုး​ရနည်း​ပညာ​ကောလိပ်၊​ စက်မှုလက်မှုသိပ္ပံ၊​ မအူပင်တက္ကသိုလ်၊​ မအူပင်​ကောလိပ်၊​ မအူပင်မြို့​ပေါ်မှာနဲ့​ အ​ဆောင်​နေ ​ကျောင်း​သား​တွေကို ​ဝေငှခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။ ဧရာဝတီတိုင်း​ ဟင်္သတာမှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​ ​ဒေသခံပြည်သူ​တွေ ​တွေ့​ဆုံတဲ့​ ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​ မိတ်ဆက်ပွဲလို ပွဲတခုကို လာမယ့်​ လဆန်း​ပိုင်း​ကျရင် မအူပင်ခရိုင်မှာ ကျင်း​ပနိုင်ဖို့​လည်း​ ပြင်ဆင်​နေကြပါတယ်။ မြန်မာ့​လွတ်လပ်​ရေး​ ​ခေါင်း​ဆောင်​တွေ ​ပေါ်ထွက်ရာ ဖြစ်တဲ့​ ဗကသများ​ အဖွဲ့​ချုပ်ကို ဗြိတိသျှ ကိုလိုနီအစိုး​ရ လက်ထက်မှာ​တောင် ဖွဲ့​စည်း​လှုပ်ရှား​ခွင့်​ ရ​ပေမယ့်​ လွတ်လပ်​ရေး​ရပြီး​ ​တော်လှန်​ရေး​ကောင်စီ လက်ထက်မှာ သမဂ္ဂ အ​ဆောက်အဦး​ကိုပါ ဗုံး​ခွဲဖျက်ဆီး​ပြီး​ သမဂ္ဂထူ​ထောင်ခွင့်​ကို ခုထိ ပိတ်ပင်ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up