Home
မြန်မာသတင်း
ရွှေဝါရောင်သံဃာတော်များ ရွှေတိဂုံဘုရားပေါ်တက်ခွင့် တားမြစ်ခံရပြီး ညှိနှိုင်းပြေလည်မှုရရှိ
DVB
·
September 25, 2017
  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၀နှစ်ပြည့်အထိမ်းအမှတ်  ရွှေတိဂုံဘုရားတွင် မေတ္တာပို့ ဆုတောင်းဖို့ သွားရောက်ခဲ့တဲ့ သံဃာတော်တွေ တားမြစ်ခံရပြီးနောက် ညှိနှိုင်းပြေလည်မှု ရရှိကာ ဘုရားပေါ်တက်ခွင့်ရရှိခဲ့ပါတယ်။ ရွှေဝါရောင်အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံဘုရားအပေါ် ဆုတောင်းမေတ္တာပို့ဖို့သွားတဲ့ သံဃာတော်တွေကို အရှေ့ဘက်မုခ်ဂိတ်တံခါးမှာ လုံခြုံရေးရဲတပ်ဖွဲ့က တားမြစ်ခဲ့တာပါ။ အဆိုပါနေရာကို ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းလာရောက် ညှိနှိုင်းပေးခဲ့ပြီး အလံတွေနဲ့ ဗီနိုင်းတွေ ကိုင်ဆောင်တာမလုပ်ဖို့  မေတ္တာရပ်ခံခဲ့ရာမှာ သံဃာတော်တွေက သဘောတူခဲ့လို့  ဘုရားပေါ် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024