အံ့မခန်း ရေလွှာလျှောစီးစွမ်းရည်ပြ ပြိုင်ပွဲဝင်ခဲ့ကြသည့် ချစ်စဖွယ် ခွေးကလေးများ (ရုပ်သံ)
Published By
DVB | 25 September, 2017
2.9K
0
Share
0
Comment
0
Likes
ပင်လယ်ရေပြင်ဟာ ကြမ်းတမ်းပုံ ပေါက်ပေမယ့် ဒီခွေးကလေးတွေအဖို့တော့ ဘာမှ မမှုလောက်စရာ ဖြစ်လို့နေတာဟာ တကယ့်ကို အံ့သြစရာပါပဲ။
ဒါဟာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ကယ်လီဖိုးနီးယားမှ ခွေးကလေးတွေရဲ့ စွမ်းရည်ပြ ရေလွှာလျှောစီးပြိုင်ပွဲပါ။
ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ဟန်တင်တမ်ကမ်းခြေမှာ ကျင်းပခဲ့တာပါ။
အရွယ်အစားစုံ ခွေးကလေးတွေဟာ သူတို့ရဲ့သခင်တွေကို ရေလှိုင်းတွေကြား ဦးဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြတာဖြစ်ပြီး တချို့ခွေးကလေးတွေဟာ အသက်ကယ်ဝတ်စုံတွေနဲ့ ချစ်စဖွယ် ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒီပြိုင်ပွဲကရရှိတဲ့ ရန်ပုံငွေတွေကိုတော့ ခွေးကလေးတွေအတွက် ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမှာ ဖြစ်တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။