ထူးခြားဆန်းကြယ် ရေဘူးခေါင်းပေါ်တင် ချီတက်သရုပ်ပြခဲ့ကြသည့် တရုတ်စစ်သမီးများ (ရုပ်သံ)

တရုတ်နိုင်ငံမှ ဗိုလ်လောင်းစစ်သမီးတွေ ပါဝင်တဲ့ အုပ်စုတစုဟာ ရေသန့်ဘူးတွေကို ဦးခေါင်းပေါ်မှာတင်ပြီး လေ့ကျင့်ချီတက် လမ်းလျှောက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ ဘယ်လိုမှ မလွယ်ကူနိုင်ပေမယ့် သူတို့ဟာ ၁ ဒသမ ၅ လီတာ ရေဘူးတွေကို ဦးခေါင်းတွေပေါ်မှာ တင်ထားခဲ့ကြကာ အမှတ်စဉ်မှတ် ရေတွက်ပြီး ခြေလှမ်းညီညီနဲ့ ချီတက်လမ်းလျှောက်ခဲ့ကြတာကို တွေ့ရမှာပါ။ ဒါဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်၊ ဂွမ်ကျိုးမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က ချီတက်သရုပ်ပြခဲ့တာဖြစ်ပြီး ဂွမ်ကျိုး ကုန်သွယ်ရေးကောလိပ်တွင်းမှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတွေဟာ ဒီကျောင်းသူတွေကို ချီးကျူးနေကြပြီး ခုလို ရေဘူးခေါင်းပေါ်တင် ချီတက်သရုပ်ပြမှုအပေါ် လက်ဖျားခါခဲ့ကြရတယ်လို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up