Live
Home
မြန်မာသတင်း
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ်အဖြစ် မဲအနိုင်ရ အလုပ်မှုဆောင်ဦး ၂၀ ဦးထဲက ရွေးချယ်မည်
သူသူအောင်
·
September 25, 2017
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်မှုဆောင်သစ် ရွေးချယ်ပွဲက မဲအနိုင်ရရှိခဲ့တဲ့ အလုပ်မှုဆောင် ၂၀ ဦးထဲက ၁ ဦးကို လာမယ့်စက်တင်ဘာ ၂၆ ရက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ၃ နှစ် ၁ ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲကို စက်တင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ၂ ရက်တာ ပြုလုပ်ခဲ့ပြီး မဲအနိုင်ရရှိခဲ့တဲ့ အလွှာ ၁၀ လွှာက အလုပ်အမှုဆောင်တွေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲမှာ အလွှာတခုစီကို အလုပ်အမှုဆောင် ၂ ဦးကျစီ ရွေးချယ်ခဲ့တာမှာ အဓိကသရုပ်ဆောင် အခြေခံအလွှာမှာတော့ သရုပ်ဆောင် ခန့်စည်သူက မဲ ၆၄ မဲနဲ့ သရုပ်ဆောင်ဇင်ဝိုင်းက ၆၂ မဲ ရရှိခဲ့ပါတယ်။ ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာမှာတော့ ဦးဝင်းမြိုင်က မဲ ၁၄၉ မဲ၊ ဦးအောင်ခိုင်က  မဲ ၁၃၄ မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး၊ အုပ်ချုပ်ဖြန့်ချိပြသ အလွှာမှာတော့ ဦးဇော်မင်း(မင်္ဂလာ)နဲ့ ဦးလှသိန်းတို့က မဲအနိုင်ရရှိခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024