Live
Home
မြန်မာသတင်း
ပလောက်မြို့နယ်တွင် နေအိမ်တလုံး မီးလောင်ကျွမ်း
DVB
·
September 25, 2017
ပလောက်မြို့နယ်၊ ညောင်ရှင်ကုန်းကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ ညောင်ရှင်ကုန်းကျေးရွာရှိ နေအိမ်တလုံးမှာ အိမ်ရှင် ဒေါ်စန်းမူဟာ နေအိမ်နောက်ဖေး မီးဖိုချောင်မှာ ထင်းမီးနဲ့ထမင်းချက်နေစဉ် အနီးရှိ ဂက်စ်အိုးကို မီးကူးစက်ခဲ့ရာမှတဆင့် နေအိမ်မီးလောင်ကျွမ်းခဲ့တာလို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ "ပေါ့ဆမီးလောင်ကျွမ်းတာပါ။ မီးဖိုချောင်မှာ ထမင်းချက်ရာကနေအိမ်ကို မီးကူစက်သွားတာပါ။ ကျနော်တို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ သွားရောက်ပြီး ငြိမ်းသတ်ခဲ့ပါတယ်။ နေအိမ်တလုံးလောင်ကျွမ်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး" လို့ ပလောက်မြို့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ထွန်းက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် ပလောက်မြို့မှ မီးသတ်ယာဉ် ၁ စီးနဲ့ သန္ဓေတပ်ဖွဲ့ဝင်တွေ၊ အရန်မီသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မနက် ၈ နာရီခွဲလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးအားပေါ့ဆစွာသုံးစွဲတဲ့ ဒေါ်စန်းမူအား ပလောမြို့ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ်(မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024