ပခုက္ကူခရိုင်ရှိ ရေနံလက်ယက်တွင်း မီးလောင်၊ လူအချို့ ဒဏ်ရာရ
မြင့်နိုင်
·
September 25, 2017
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် လက်ပံတို ရေနံလက်ယက်တွင်း တိမ်မှော်ထဲမှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ရေနံပိုက် ဂဟေဆော်ရာကနေ မီးစွဲလောင်ခဲ့တာဖြစ်ပြီး ဒီမီးလောင်မှုကြောင့် လူ ၄ ဦး မီးလောင်ဒဏ်ရာရကာ မြိုင်မြို့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေရပါတယ်။
မီးလောင်ရာသို့ ပခုက္ကူ၊ပေါက်၊ မြိုင် စတဲ့မြို့တွေက တာဝန်ရှိသူတွေနဲ့အတူ မီးသတ်ကား နှစ်စီး လာရောက်မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီရေနံမှော်ကနေ စည် ၁ ပေပါကို ၄၆၅၀ ကျပ် နိုင်ငံတော်ကို အခွန်ပေးသွင်းရတယ်လို့သိရပါတယ်။