ပခုက္ကူခရိုင်​​ရှိ ​ရေနံလက်​ယက်​တွင်း မီးလောင်၊ လူအချို့ ဒဏ်ရာရ

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် လက်ပံတို ရေနံလက်ယက်တွင်း တိမ်မှော်ထဲမှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ရေနံပိုက် ဂဟေဆော်ရာကနေ မီးစွဲလောင်ခဲ့တာဖြစ်ပြီး ဒီမီးလောင်မှုကြောင့် လူ ၄ ဦး မီးလောင်ဒဏ်ရာရကာ မြိုင်မြို့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေရပါတယ်။ မီးလောင်ရာသို့ ပခုက္ကူ၊ပေါက်၊ မြိုင် စတဲ့မြို့တွေက တာဝန်ရှိသူတွေနဲ့အတူ မီးသတ်ကား နှစ်စီး လာရောက်မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီရေနံမှော်ကနေ စည် ၁ ပေပါကို ၄၆၅၀ ကျပ် နိုင်ငံတော်ကို အခွန်ပေးသွင်းရတယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up