ဆီးရီးယားတွင် ရုရှား လေကြောင်းတိုက်ခိုက်မှုအပြီး ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင် လွှင့်တင်

ဆီးရီးယားနိုင်ငံ အီဒ်လစ်ဘ် (Idlib) မြို့ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့အပြီး ဖြစ်စဉ်တွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ဦးထုပ်ဖြူအဖွဲ့လို့ လူသိများတဲ့ အရပ်သားကာကွယ်ရေးအဖွဲ့တွေက လူမှုကွန်ရက်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ ပြည်သူတွေကို အကူအညီပေးနေပုံတွေ၊ အဆောက်အဦတွေ မီးလောင်ပုံတွေနဲ့အတူ ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှုမှာ ဦးထုပ်ဖြူအဖွဲ့ဝင်တွေ ထိခိုက်သွားပုံတွေကိုလည်း ဗွီဒီယို ရိုက်ကူးလွှင့်တင်ခဲ့ပါတယ်။ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးသေဆုံးပြီး လူတချို့လည်း ဒဏ်ရာရရှိသွားတယ်လို့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆီးရီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up