Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Aung Ko Latt
·
September 25, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ကျပ်သိန်း ၁၀၀ နီးပါး တန်ဖိုးရှိတဲ့ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေကို စက်တင်ဘာ ၂၄ ရက်နေ့ည ၁၀ နာရီလောက်က ဖမ်းဆီးရမိခဲ့ပါတယ်။ မုံရွာ-ရေဦးလမ်း ဘုတလင်တိုးဂိတ်နားမှာ တိုင်းမှုခင်းအကူတပ်ဖွဲ့က သတင်းအရစောင့်ဆိုင်းနေစဉ် မိုးဦးမောင်နဲ့ ညီမျိုးနိုင်တို့စီးလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာကနေ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် အိတ်အတွင်း 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်ကို ၁၉၅ ပြားပါ ၁၀ ထုပ်၊ စုစုပေါင်း ၁၉၅၀ ပြား၊ ကာလတန်ဖိုး ၉၇ သိန်း ၅ သောင်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ "အခုဖမ်းမိတာက ဒုတိယအကြိမ်ဖမ်းမိတာပါ။ နှစ်စပိုင်းတုန်းကတော့ တကြိမ်ဖမ်းဆီး ရမိခဲ့သေးတယ်။ ဒီနှစ်အတွင်း အခုမှ ၂ မှုပဲ ရှိပါသေးတယ်" လို့ ဘုတလင်မြို့မစခန်းမှ ဒုရဲအုပ်ကိုကိုအောင်က ဒီဗွီဘီကိုပြောပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ဘုတလင်မြို့မရဲစခန်းက မယ(ပ)၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024