ဘရိုက်တန် ၁ – ၀ နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ဒီရာသီ တန်းတက်နှစ်သင်းဖြစ်တဲ့ ဘရိုက်တန်နဲ့ နယူးကာဆယ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဘရိုက်တန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီရာသီမှာ ပုံစံကောင်းရပြီး ခြေစွမ်းပြနေတဲ့ နယူးကာဆယ်အတွက် တတိယမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ခြေစွမ်းပြလေ့ရှိတဲ့ ဘရိုက်တန်အတွက်တော့ ဒုတိယမြောက်နိုင်ပွဲ ရယူနိုင်ခဲ့တာပါ။ နယူးကာဆယ်ဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေ အသာစီးရယူနိုင်ပြီး အပိုင်ကန်သွင်းချက်တချို့ လွဲချော်ခဲ့သလို ဘရိုက်တန်ဂိုးသမားနဲ့ နောက်ခံလူတွေ ကာကွယ် ဖျက်ထုတ်နိုင်ခဲ့အတွက်လည်း လိုအပ်တဲ့ အနိုင်ဂိုးမရခဲ့တာပါ။ ဘရိုက်တန်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ တွမ်မာ ဟမ်းမက်ဒ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရခဲ့တဲ့ ဘရိုက်တန်က ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပြီး နယူးကာဆယ်ကတော့ ရမှတ် ၉ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။

More News
Up